Your Adsense Link 728 X 15

မြ၀တီမြို့က အုပ်ချုပ်ရေးတွေ တရားလွန်နေပြီ

Posted by Naung Taw Lay Wednesday, September 26, 2012 0 comments


 မြ၀တီမြို့မှာ ဦးစိန်ဝင်းပိုင်မြေတွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးအဆင့်ဆင့်က လက်ဆင့်ကမ်းသိမ်းဆည်းရန် ကြံစည်နေတဲ့ကိစ္စဟာ ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ နိုင်ငံတော် မြေသိမ်းမိန့် မပါ အထက်က နှုတ်ဖြင့်ညွှန်ကြားလို့ဆိုပြီး စစစ ၊ ခရိုင် ၊ မြို့နယ် အုပ်ချုပ်ရေးတွေဟာ ဦးစိန်ဝင်းပိုင် မြေကွက် အားလုံးကို ပြဿနာရှာနေကြပါတယ်။ ဒီကိစ္စအတွက် ဦးစိန်ဝင်းတို့ကလည်း ဌာနဆိုင်ရာတွေမှာ လိုက်လံ စုံစမ်းပြီး သိမ်းဆည်းရန် ညွှန်ကြားထားခြင်း ရှိ/ မရှိ ၊ အောက်ခြေအုပ်ချုပ်ရေးအဖွဲ့များမှ တင်ပြထားခြင်း ရှိ / မရှိ စုံးစမ်းတဲ့အခါမှာ ညွှန်ကြားထားခြင်း မရှိသလို ဌာနဆိုင်ရာတွေကိုလည်း တင်ပြထားခြင်း မရှိတာကြောင့် မြို့နယ် ၊ ခရိုင် ၊ စစစ အဖွဲ့တွေဟာ ကိုယ့်သဘောနဲ့ကိုယ် နိုင်ငံတော်ကို ခုတုံးလုပ်ပြီး သိမ်းဆည်းဖို့ကြံစည် နေကြတယ်လို့ ယူဆလို့ရပါတယ်။ အဲဒီအတွက်လည်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ၏ ဒိုင်ဗားစတီးစာစဉ် (၂၀)မှာ စတင်သိမ်းဆည်းရန်ကြိုးပမ်းစဉ်ကစလို့ လက်ဆင့်ကမ်း အမွေပေးသိမ်းဆည်းရန် ကြံစည်နေမှုများအထိ ပါဝင်ပါတယ်။ ယနေ့အချိန်ထိလဲ နိုင်ငံတော်မြေသိမ်းမိန့်ပြပါဆိုလို့လိုလည်းမပြ ဌာနဆိုင်ရာရဲ့ ညွှန်ကြား ချက်ပြပါဆိုတော့လည်း မပြနိုင်ဘဲ ဒီကနေ့ (၂၆.၉.၂၀၁၂) ရက်နေ့မှာပဲ ဦးစိန်ဝင်းတင်ထားတဲ့ ဆိုင်းဘုတ်ကို ဖျက်ချပြီး နိုင်ငံတော်ပိုင် ဆိုင်းဘုတ်လာရောက်တင်သွားကြောင်း ၊ ဦးစိန်ဝင်းရဲ့ မန်နေဂျာက ဓာတ်ပုံမှတ်တမ်း ရိုက်ယူတာကိုတော့ ခွင့်မပြုဘဲ ကပျာကယာပြန်သွားကြတယ်လို့ သိရပါတယ်။

ဒီကိစ္စအတွက် နိုင်ငံတော်သမ္မတနှင့် ပြည်ထဲရေးဌာနများကိုလည်း အကြိမ်ကြိမ်တင်ပြ တိုင်ကြားခဲ့ပေ မယ့် အောက်ခြေအုပ်ချုပ်ရေးတွေဟာ နည်းလမ်းတကျ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လုပ်ကိုင်နေကြ ဆဲဖြစ်ပါတယ်။ တရားလက်မဲ့နိုင်လွန်းတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ ထပ်ဆင့်တိုင်ကြားဦးမှာ ဖြစ်ပါတယ်။ မြေယာသိမ်းဆည်းမှုများ စုံးစမ်းရေးကော်မရှင်ကိုလည်း တင်ပြတိုင်ကြားသွားဖို့ စီစဉ်နေပါတယ်။ ဒီလို တင်ပြစာတွေကို မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးတွေကိုလည်း ပေးပို့တာကြောင့် သူတို့မကောင်းကြောင်း သူတို့ ပြန်ဖတ်ရပြီး အရွဲ့တိုက်ပြီး လုပ်ပိုင်ခွင့်ကို တလွဲအသုံးချနေကြခြင်းဖြစ်ပါတယ်။ သူတို့အနေနဲ့ ဒီလိုဆိုင်းဘုတ် တင်ထားပြီး တရားရင်ဆိုင်ရရင်တောင် တရားရေးက ၀န်ထမ်းဘက်က ကူညီဆောင်ရွက်မယ့်အရေးကို မျှော်လင့်ပြီး ဖန်တီးလုပ်ဆောင်နေခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒီကိစ္စအတွက်ကြောင့် ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ပါ ပတ်သက်လာနိုင်ပြီး ၁၂ . ၉ .၂၀၁၂ ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ အပါအ၀င် စစစ ၊ ဒုရဲမှူးတွေလာရောက်ပြီး အလုပ်သမားတွေကို ပြောင်းရွှေ့ပေးဖို့ နိုင်ငံတော်ပိုင်သိမ်းဆည်းထားသည့် မြေပေါ်မှ ဖယ်ရှားပေးခြင်းမရှိက ဥပဒေနှင့်အညီ ဆက်လုပ်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး နောက်တစ်နေ့မှာ ကေအန်ယူအဖွဲ့က လာရောက်မေး မြန်းစုံစမ်းသွားပြီး တရားလက်မဲ့လုပ်လျှင် သူတို့ကူညီပေးပါမည်ဆိုသည့်အကြောင်း နှင့် ပြောင်းရွှေ့ဖယ်ရှား ပေးရန် မလိုကြောင်း လာရောက်ပြောဆိုသွားပါတယ်။

ဦးလှဝင်းမှ ပြည်ထဲရေး ၀န်ကြီးဌာနသို့ တင်ပြတိုင်ကြားစာ

Posted by Naung Taw Lay Tuesday, September 18, 2012 0 comments
သို့
 ပြည်ထောင်စုဝန်ကြီး
 ပြည်ထဲရေး ၀န်ကြီးဌာန
 နေပြည်တော်
 ရက်စွဲ။ ။ ၂၀၁၂ ခုနှစ် ၊ စက်တင်ဘာလလ ၊ (၁၈ )ရက် 

အကြောင်း အရာ ။ ။ မြ၀တီမြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အ့အဖွဲ့၏လုပ်ပိုင်ခွင့်အလွဲသဲသုံုံးစား   ဆောင်ရွက် နေမှုများအား တင်ပြတိုင်ကြားခြင်း 
၁ ။ ကျွန်တော်သည် တပ်မတော် (လေ) တွင် အနှစ်(၃၀)တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သော ဒုဗိုလ်မှူးကြီး လှဝင်း(လေ- ၁၇၈၅) ဖြစ်ပါသည်။ ကျွန်တော်သည်ဇာတိမြေကော့ကရိတ် တွင်အခြေချနေ ထိုင်ပါ သည်။ ကော့ကရိတ်မြို့တွင်နေထိုင်မှုကုန်ကျစရိတ်နှင့်ကျွန်တော်၏ ပင်စင်လစာမှာလုံလောက်မှု မရှိသောကြောင့် အပိုဝင်ငွေ ရရှိရန်အတွက် မြ၀တီမြို့မှ ဦးစိန်ဝင်းနှင့် ဆက်သွယ်၍ ဦးစိန်ဝင်းပိုင် ဆိုင်ခန်းတွင် တယ်လီဖုန်း အနီး/အဝေး ပြောနှင့် အအေးဆိုင် ဖွင့်လှစ်ရန် (၃ . ၈ . ၂၀၁၂) တွင်ရောက်ရှိပြီး ဆိုင်ဖွင့်ခဲ့ပါသည်။ ထိုသို့နေ ထိုင်ရာတွင်ဦးစိန်ဝင်းမှ၎င်း ပိုင်ဆိုင်သောမြေ များကိုနိုင်ငံတော်မှသိမ်းဆည်းထားသည်ဟုပြောဆိုပြီး အုပ်ချုပ်ရေးအဖွဲ့များမှ မတရားသိမ်း ယူနေကြောင်း ပြောဆို၍ သိရှိခဲ့ရပါသည်။ ကျွန်တော်မှ ““ထိုသို့သိမ်းယူခြင်းနှင့် ပတ်သက်၍နိုင်ငံတော်မှ သိမ်းယူထားကြောင်း အထောက်အထားတစ်စုံတရာပြပါသလား””ဟုမေးမြန်းရာတွင် “မြေစတင်သိမ်းဆည်း သည် ဟုပြောဆိုသည့်၂၀၁၀ခုနှစ်မှယနေ့အထိတစ်စုံတရာပြသခြင်းမရှိပါ””ဟုသိရှိ ခဲ့ရပါသည်။ ဦးစိန်ဝင်းအား ယခင်ပြောင်းရွှေ့သွားသော ခယကဥက်္ကဌ ဦးအောင်ဆွေညွှန့်မှ မတရားအမှုတင်၍ သက်သေခိုင်လုံခြင်းမရှိဘဲထောင်တစ်နှစ်ချမှတ်ခဲ့သည့်အမိန့်တွင်လည်း၎င်းင်းပိုင်ပစ်္စည်းများသိမ်းဆည်းရန် အမိန့် မပါရှိကြောင်း ပြောဆိုပါသည်။ ဦးစိန်ဝင်းအား ပစ်ဒဏ်ချမှတ်မှု မှတ်တမ်းကို နောက်ဆက်တွဲ (က) ဖြင့်တင်ပြ အပ်ပါသည်။ ၎င်းင်း၏ ပြောဆိုချက်များအရ မတရားခံနေရသည်ဟု ယူဆပါသဖြင့် ကျွန်တော်မှ ဦးစိန်ဝင်းကိစ်္စ များအား ကူညီဆောင်ရွက်ရန် Special Power  ဖြင့်ကူညီဆောင်ရွက်ပေး ခဲ့ပါသည်။ 
၂။ ကျွန်တော်ဆိုင်ဖွင့်နေထိုင်စဉ် ၇ . ၉ . ၂၀၁၂ ရက်နေ့ညနေ ၄ နာရီအချိန်တွင် စစစ(စသုံးလုံး)ဦးစီး အရာရှိဦးလင်းဦး ဦးဆောင်သောအဖွဲ့ဝင်(၆) ဦးခန့်ရောက်ရှိလာပြီး ဦးစိန်ဝင်းပိုင်ဆိုင်ကြောင်း အမှတ်အသား ဆိုင်းဘုတ်များဖြုတ်ရန် ဆောင်ရွက်သဖြင့် ကျွန်တော်မှ ကန့်ကွက်ခဲ့ပါသည်။ ၈ . ၉ . ၂၀၁၂ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ““တွေ့ဆုံဆွေးနွေး ရန်ကိစ်္စ””ဟူသောအကြောင်း အရာဖြင့် လူကြီးမင်း နှင့်ဦးစိန်ဝင်း ပိုင်ခြံမြေများကိစ်္စအား တွေ့ဆုံဆွေးနွေးရန်၈.၉.၂၀၁၂ရက်နေ့(၁၃- ၀၀) နာရီ တွင်မြို့ နယ်အုပ်ချုပ်ရေး မှူးရုံးခန်းသို့ မပျက်မကွက် တက်ရောက်ရန် အကြောင်းကြားစာ ရရှိခဲ့ပါသည်။ အကြောင်းကြားစာအား နောက်ဆက်တွဲ(ခ) ဖြင့်ပေးပို့ပါသည်။ ကျွန်တော်မှချိန်းဆိုထားသည့်အတိုင်း အချိန်မှီသွားရောက်ခဲ့ပြီး ဆွေးနွေး ရာတွင် ကျွန်တော့်အား ဦးစိန်ဝင်းမှ လွှဲအပ်ထားသောSpecial Power မှာ မှတ်ပုံတင်ထားခြင်း မရှိသဖြင့် အကျုံးမ၀င်ကြောင်းပြောဆိုသဖြင့်၎င်းင်းအားရုပ်သိမ်းခဲ့ပြီး အုပ်ချုပ်ရေး အဖွဲ့မှကျွန်တော်အား မြေနှင့်ပတ်သက်၍ ပြောဆိုခွင့်မရှိကြောင်းနှင့် အမြန်ထွက်ပေးရန် ပြောဆိုသဖြင့် ကျွန်တော်မှ ထွက်ပေးမည်ဟု ပြောဆိုခဲ့ပါသည်။ ဆိုင်းဘုတ်များကို လည်း ဖြုတ်ပေးရန်ပြောဆို သဖြင့် ကျွန်တော် ကဖြုတ်ပေးမည်ဟုပြောဆိုခဲ့ပါသည်။ ကျွန်တော် မှ၎င်းင်းမြေအား နိုင်ငံတော်မှတရားဝင်သိမ်းဆည်း ထားပါကအထောက်အထားပြပါဟုပြောဆိုရာမြို့နယ်အုပ်ချုပ် ရေးမှူးမှပြနိုင်ခြင်းမရှိကြောင်း ပြောဆိုပါသည်။ မြေနှင့်ပတ်သက်၍လုပ်ပိုင်ခွင့်မရှိသော်လည်း မြေပေါ်တွင်နေထိုင်သူ တစ်ဦးအနေဖြင့် တောင်းဆိုခြင်းဖြစ်ရာ ငြင်းဆန်ခဲ့သဖြင့် ကျွန်တော်ပြန်လာခဲ့ပါသည်။ ၃ ။ ၁၀.၉.၂၀၁၂ရက်နေ့တွင်အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ကိုယ်စား အဖွဲ့ဝင်ဦးတင်အေး ကျွန်တော်ထံ ရောက်ရှိလာပြီး ဆိုင်းဘုတ်များအား ဖြုတ်ပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးမှ လာရောက်ပြောဆို ခိုင်းကြောင်း ပြောဆိုသဖြင့် ကျွန်တော်မှ နိုင်ငံတော်၏ တရားဝင်သိမ်းဆည်းထားကြောင်းအမိန့်နှင့် သက်ဆိုင် ရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ကိုတောင်းခံပါသည်။ လာရောက်ပြောဆိုသူအုပ်ချုပ်ရေးမှူး၏ ကိုယ်စား လှယ်မှ တယ်လီဖုန်းဆက်၍ ကျွန်တော်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးတိုက်ရိုက်ပြောရန် ဖုန်းလာပေးသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အထက်ပါ အချက်(၂)ကိုသာ တောင်းဆိုခဲ့ပါသည်။ အဆိုပါအချက်(၂)ချက်ကို တောင်းဆိုရခြင်းမှာလည်း (၁၅ . ၈ . ၂၀၁၂) ရက်နေ့တွင် ပြုလုပ်သော ဒုတိယအကြိမ် စီမံကိန်းကော်မရှင် တတိယနေ့အစည်းအဝေးတွင်နိုင်ငံတော်သမ်္မတကြီး၏ မြေနှင့်အိမ်ရာစီမံခန့်ခွဲမှုကိုသက်ဆိုင်ရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်မပါဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများမှ တိုက်ရိုက်စီမံခန့်ခွဲမှု မပြုလုပ်ရန် ညွှန်ကြားချက်အား ကိုးကား၍တောင်းဆိုရခြင်း ဖြစ်ပါသည်။ ၁၂.၈.၂၀၁၂ရက်နေ့ညနေ(၅)နာရီအချိန်ခန့်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူး နှင့်စစစ(စသုံလုံး) ဦးစီးအရာရှိအဖွဲ့ထပ်မံရောက်ရှိလာပြီး ဆိုင်းဘုတ်များ ဖြုတ်ပေးရန်၊ ခြံမြေမှထွက်ခွာပေးရန်ပြောဆိုသဖြင့်မြေနှင့်ပတ်သက်၍ကျွန်တော့်တွင်လုပ်ပိုင်ခွင့်မရှိသောကြောင့် ဦးစိန်ဝင်း၏ မန်နေဂျာနှင့်တွေ့ဆုံဆွေးနွေး စေခဲ့ပါသည်။ ကျွန်တော့်အားထွက်ပေးရန်ပြောဆိုသဖြင့်ကျွန်တော်၏ ဂုဏ်သိက်္ခာကိုထောက်ထားသောအားဖြင့် ဖယ်ရှားပေးရမည်ဆိုလျှင်လည်း စာဖြင့် စနစ်တကျမောင်းထုတ် ဖယ်ရှားရန် နှင့် ခင်ဗျားတို့၏ လုပ်ဆောင်ချက်များသည် သမ်္မတ၏ညွှန်ကြားချက်ကို ကျော်လွန်နေကြောင်း ပြောဆိုခဲ့ပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အန်ကယ်သိသည့် အပိုင်းအစလေးများနှင့်မပြောရန် တပ်မတော်သားချင်း သံယောဇဉ်ဖြင့်မဖြစ်သင့်တာတွေမဖြစ်ရအောင်အသိပေးခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။ ၁၃ . ၉ . ၂၀၁၂ တွင် ၈ . ၉ . ၂၀၁၂ ရက်နေ့ကတွေ့ဆုံသော အစည်းအဝေးမှတ်တမ်းကို ကျွန်တော့်ထံ လာပေးသဖြင့် ဖတ်ကြည့်ရာ ကျွန်တော်နှင့် တွေ့ဆုံဆွေးနွေး ရာတွင် ပြောဆိုခြင်းမရှိသော စကားရပ်များ ၊ ဆွေးနွေးသောအကြောင်းအရာနှင့်မသက်ဆိုင်သောအကြောင်းအရာများကို၎င်းင်းတို့လိုရာသဘောထားအတိုင်း အစည်းအဝေးဆုံးဖြတ်ချက်ကို ချမှတ်ပေးပို့လာခြင်း ဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးစဉ်က အစည်းအဝေး ပြုလုပ်သည်ဟု မပြောသည့်အပြင် ကျွန်တော့်အား အစည်းအဝေးဆုံးဖြတ် ချက်ထုတ်ပြန်မည်ဟုလည်း မပြောဆိုခဲ့ပါ။ အစည်းအဝေးဆုံးဖြတ်ချက်အား နောက်ဆက်တွဲ (ဂ) အဖြစ်ဖော်ပြ အပ်ပါသည်။ ၄ ။ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၏ ပြည်သူအပေါ်ဖောက်လွဲဖောက်ပြန်မမှန်မကန်ဆောင်ရွက်နေမှုများ ကို ကိုယ်တိုင်မျက်ဝါးထင်ထင် မြင်တွေ့နေရသည်ဖြစ်၍ သက်ဆိုင်ရာလူကြီးမင်းတို့အနေဖြင့် လုပ်ပိုင်ခွင့်ကို အသုံးချ၍ အာဏာအလွဲသုံးစား မပြုလုပ်စေရန် နိုင်ငံတော်၏အမြင့်ဆုံး သမ်္မတကြီး၏ ညွှန်ကြားချက်ကိုပင် မထိမဲ့မြင်ပြုပြောဆိုသောသက်ဆိုင်ရာအုပ်ချုပ်ရေးမှူး နှင့်အဖွဲ့များကိုထိရောက်စွာအရေးယူပေးစေလိုပါသည်။ ယခုသိမ်း ဆည်းရန် ကြံစည်နေသော မြေနေရာများနှင့် ပတ်သက်၍ ဦးစိန်ဝင်းပိုင်ဆိုင်ကြောင်း အထောက်အထားများကိုကျွန်တော်ကိုယ်တိုင်လည်း သိရှိထားပါသည်။ တနယ်တကျေးမှပြောင်းရွှေ့လာရောက်၍ မှီခိုလုပ်ကိုင်နေသူ များလည်း ရှိသည်ဖြစ်ရာ သက်ဆိုင်ရာ၏ ဆောင်ရွက်မှုများသည် အားလုံးအခက် အခဲတွေ့နိုင်သည်ဖြစ်၍နိုင်ငံတော်၏ မိဘသဖွယ်ဖြစ်သောဌာနဆိုင်ရာအကြီးအကဲများအနေဖြင့်အုပ်ချုပ်ရေးအဖွဲ့၏ လော်မာဖောက်ပြား ဆောင်ရွက်နေမှုများကို တားမြစ်ပေးနိုင်ပါရန် တင်ပြတိုင်ကြားရခြင်း ဖြစ်ပါသည်။

လေးစားစွာဖြင့်  


ဦးလှဝင်း 
 လေ - ၁၇၈၅
 ဒုဗိုလ်မှူးကြီး (ငြိမ်း) 
 တပ်မတော် (လေ) 
 မိတ္တူကို - 
 - နိုင်ငံတော်သမ္မတ ၊ နိုင်ငံတော် သမ္မတရုံး ၊ နေပြည်တော် 
 - လွှတ်တော်ဥက္ကဌ ၊ ပြည်သူ့လွှတ်တော် ၊ နေပြည်တော် 
 - ၀န်ကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဘားအံ 
 - ခရိုင်အုပ်ချုပ်ရေးမှူး ၊ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြ၀တီခရိုင် ၊ ကရင်ပြည်နယ် 
 - မြို့နယ်အုပ်ချုပ်ရေးမှူး ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြ၀တီမြို့နယ် ၊ ကရင်ပြည်နယ်

မြ၀တီမြို့ နှင့် သံယောဇဉ် ဥယျာဉ်

Posted by Kyaw Gyi Saturday, September 15, 2012 0 comments


  
သံယောဇဉ် ဥယျာဉ်လေးဟာ မြ၀တီမြို့ရဲ့ အ၀င်အ၀ နားမှာ ရှိပါတယ်။





သံယောဇဉ်ဥယျာဉ်အကြောင်း

Posted by J Jacker 0 comments

သံယောဇဉ် ဥယျာဉ်လေးကို ၂၀၀၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ မြ၀တီမြို့နဲ့ အနီးဝန်းကျင်က မိဘပြည်သူ တွေ အနားယူအပန်းဖြေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်။ စတင်ဖွင့်လှစ်ပြီး တစ်နှစ်ခန့်မှာ မထင်မှတ်တဲ့ အခက်အခဲတွေကြောင့် ဥယျာဉ်လေး ပိတ်ခဲ့ရပါသေးတယ်။ အဲဒီနောက်မှာ ပြန်လည်ဖွင့်လှစ်ပြီး ၂၀၁၂ ထဲမှာပဲ စကိတ်ကွင်းတည်ဆောက်ခဲ့ပါတယ်။
အနှောက်အယှက်မရှိ လုပ်ကိုင်ခွင့်ရမယ်ဆိုရင်တော့ ဥယျာဉ်လေးဟာ ဒီအချိန်မှာ တော်တော်ကို သာသာယာယာဖြစ်နေမှာပါ။
ဥယာဉ်ထဲမှာ အနားယူအပန်းဖြေရင်း စားသောက်နိုင်ဖို့ သံယောဇဉ်စားသောက်ဆိုင်ကိုလည်း ဖွင့်လှစ်ထားပါတယ်။ မြ၀တီမြို့ကို လာရောက်လည်ပတ်သူတွေ အနေနဲ့လည်း သံယောဇဉ် ဥယျာဉ်လေးကို ၀င်ရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။

မြေသိမ်းဆည်းရန် သက်ဆိုင်ရာမှ ဆောင်ရွက်နေခြင်းကြောင့် မှီခိုလုပ်ကိုင်နေသူ အလုပ်သမားများ ဒုက္ခကြုံတွေ့နိုင်

Posted by Naung Taw Lay Friday, September 14, 2012 0 comments

မြ၀တီမြို့မှာ ဖြစ်နေတဲ့ သက်ဆိုင်ရာတွေက ဦးစိန်ဝင်းပိုင်မြေတွေကို နိုင်ငံတော်ပိုင် သိမ်းဆည်းမည် ဆိုသည့်အတွက်အကြောင့် ပြဿနာတစ်ရပ် ဖြစ်ပေါ်နေပါတယ်။ သက်ဆိုင်ရာ တွေရဲ့ အပြောအရတော့ ဦးစိန်ဝင်းကို ဒီမြေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်ပိုင်သိမ်းတယ်။ ဦးစိန်ဝင်းကိုလည်း တရားစွဲဆိုထားတယ် ဆိုတဲ့အပြောနဲ့ သိမ်းဆည်းရယူဖို့ စီစဉ်နေခြင်း ဖြစ်ပါတယ်။ ဒီကိစ္စတွေအတွက် ဒုဗိုလ်မှူးကြီးငြိမ်း (လေ) မှ ဦးလှဝင်းကလည်း သက်ဆိုင်ရာတွေက သိမ်းဆည်းရန် ကြိုးပမ်းဆောင်ရွက်နေမှုနဲ့ ဦးစိန်ဝင်း မတရား ခံနေရတာကို သိရှိနားလည်တဲ့ အတွက် ဦးစိန်ဝင်းနှင့် အလုပ်သမားများဘက်က ရပ်တည်ပေးနေပါတယ်။
စတင်သိမ်းဆည်းမယ်လို့ဆိုကတည်းက နိုင်ငံတော် မြေသိမ်းမိန့်ကို ပြပါလို့တောင်းခံတာကိုလည်း ယခုချိန် အထိ သက်ဆိုင်ရာဘက်က ပြသနိုင်ခြင်း မရှိပါဘူး။ အဲဒီအတွက် ဦးစိန်ဝင်းကလည်း သူဟာ တရားခံ တစ်ယောက်အနေနဲ့ သွားရောက်ရင်မဆိုင်နိုင်ပါဘူးလို့ ဆိုပါတယ်။
၈ . ၉ . ၂၀၁၂ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးတွေက ဆွေးနွေးဖို့ခေါ်ယူတဲ့အတွက် ဦးလှဝင်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။ မြ၀တီ မြို့နယ် မှူးက ဦးလှဝင်းကို ဒီခြံကနေထွက်ခွာပေး ဖို့နဲ့ ခြံမှာတင်ထားတဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ပေးဖို့ ပြောဆိုတဲ့ အတွက် ဦးလှဝင်းက နိုင်ငံတော်မြေသိမ်းမိန့်သာ ပြပါ။ ဖယ်ရှားပေးမှာပါ လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီအတွက် ၁၀.၉.၂၀၁၂ ရက်နေ့မှာ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုယ်စား အဖွဲ့ဝင်ဦးတင်အေးက ဦးလှဝင်းထံ လာရောက်ပြီး ဆိုင်းဘုတ်တွေ ဖြုတ်ပေးဖို့နဲ့ ဖယ်ရှာပေးဖို့ မြို့နယ်အုပ်ချုပ်ရေးက လာရောက်ပြော ဆိုခိုင်းသည့်အတွက်လာရောက်ပြောဆိုခြင်း ဖြစ်ကြောင်းပြောဆိုသည့်အတွက်ဦးလှဝင်းကတော့ နိုင်ငံတော် သမ္မတရဲ့ ညွှန်ကြားချက်မှာ မြေနှင့်အိမ်ယာ စီမံခန့်ခွဲမှုကို တိုင်းဒေသကြီး နှင့် ပြည်နယ်က တိုက်ရိုက် ဆုံးဖြတ်လုပ်ကိုင်ခွင့် မရှိဘူးဆိုတဲ့ အချက်ကို ထောက်ထားပြောဆိုခဲ့ပါတယ်။ သူတို့တွေက အဲသလို အတင်းအဓမ္မဖယ်ရှားပေးဖို့ ပြောဆိုလာတာကို အန်ကယ့်အနေနဲ့ကတော့ နိုင်ငံတော် မြေသိမ်းမိန့်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ သဘောထားမှတ်ချက် (၂)ခုသာ ပြပါလို့ တောင်းဆိုခဲ့ပါတယ်။ ၁၂ . ၉ . ၂၀၁၂ ရက်မှာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ စစစ ၊ ဒုရဲမှူးတွေ ကိုယ်တိုင်လာရောက်ပြီး ဦးလှဝင်း နှင့် ဦးစိန်ဝင်းရဲ့ မန်နေဂျာ ကိုဟိန်းဝင်းတို့နဲ့ တွေ့ဆုံပြီး ဖယ်ရှားပေးဖို့ ထပ်မံပြောဆိုပြန်ပါတယ်။ နိုင်ငံတော်သိမ်း ဆည်းကြောင်း အထောက်အထားသော်လည်းကောင်း ၊ ဖယ်ရှားပေးပါရန် အမိန့်စာသော်လည်းကောင်း ထုတ်ပေးဖို့ ပြောဆိုရာမှာတော့ ကာယကံရှင်တွေမဟုတ်တဲ့အတွက် ထုတ်ပေးစရာလည်းမလို ဘူး။ ပြစရာလည်း မလိုဘူးလို့ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုသွားပါတယ်။ မန်နေဂျာ ကိုဟိန်းဝင်း နှင့် ဦးလှဝင်းတို့ကတော့ ကျွန်တော်တို့အနေနဲ့က ဖယ်ရှားရမယ့် အထောက်အထားပြရင် ထွက်သွားလိုက် ရတာ လွယ်လွယ်လေးပဲ ။ ဒါပေမယ့် ဒီခြံထဲမှာ တစ်နယ်တကျေးက ပြောင်းရွှေ့လာပြီး အလုပ်လုပ် ကိုင်နေကြ သူတွေရှိတယ် ။ သူတို့တွေကြတော့ မိသားစုတွေနဲ့ ဘယ်လိုလုပ်ပြီး အလွယ်တ ကူရွှေ့လို့ပြောင်းလို့ရမလဲ။ နိုင်ငံတော်ဆိုတာ ပြည်သူတွေရဲ့ မိဘပဲဗျာ။ ပြည်သူတွေကိုတော့ ငဲ့ညှာရ မှာပေါ့။ သူတို့ပြောဆိုနေတာတွေက တရားလက်မဲ့ဆန်လွန်းတယ် လို့ ဦးလှဝင်းကဆိုပါတယ်။ 
ဒီခြံထဲမှာ အလုပ်လုပ်နေသူ ကိုနိုင်ဝင်းကို မေးမြန်းကြည့်ရာမှာတော့ ““ ကျွန်တော်က တွံ့တေး ဘက်က ပြောင်းလာတာပါ။ ကျွန်တော်တို့ မိသားစုခြောက်ယောက်။ ဒီမှာ အလုပ်လုပ်နေတာ တစ်နှစ်ကျော် ပါပြီ။ ဦးစိန်ဝင်းရဲ့ အလုပ်သမားအဖြစ်နဲ့ပဲ လုပ်ကိုင်နေတာပါ။ မိသားစုမှာက ကလေးတွေက ငယ်ပါသေး တယ်။ ကျွန်တော့်တစ်ယောက်ကို မှီခိုပြီး စားသောက်နေထိုင်ကြရတာပါ။ ဒီမှာဖြစ်နေတဲ့ ပြဿနာကိုလည်း ကျွန်တော်တို့သိပါတယ်။ ပထမတစ်ကြိမ်လည်း ဖယ်ရှားပေးကြဖို့လာပြောသေးတယ်။ ကျွန်တော်တို့က ဦးစိန်ဝင်း ဆီမှာ အလုပ်လုပ်နေကြတာ။ ဦးစိန်ဝင်း က ဖယ်ပေးလိုက်တော့လို့ပြောမှ ကျွန်တော်တို့က ဖယ်လို့ရမယ်။ မဟုတ်ရင် ကျွန်တော်တို့မှာ လောလောဆယ် ဘယ်သွားနေကြမလဲ။” လို့ ပြောပါတယ်။
 ဦးမောင်မောင်ကို မေးမြန်းကြည့်ရာမှာတော့ “ ကျွန်တော်က မော်လမြိုင်က ပြောင်းလာတာပါ။ မြေးက (၄)ယောက်၊ သားသမီး(၂)ယောက် ။ ကျွန်တော်တို့က မုန့်ကြော်ပြီးရောင်းတယ်။ နေစရာမရှိလို့ သူ့ဆီ မှာတောင်းပြီး နေနေတယ်။ သက်ဆိုင်ရာက အရင်တစ်ခါ ဆိုင်းဘုတ်လာတင်တာတွေတော့ သိလိုက် တယ်။ ပြောင်းရရွှေ့ရမယ်ဆိုရင် အခက်အခဲရှိပါတယ်။ နေစရာမရှိသေးပါဘူး။ ကလေးကလည်း (၆)တန်း အကြီးဆုံးပဲ။ ကျောင်းတက်နေကြတယ်။ သက်ဆိုင်ရာက အဲသလိုလုပ်မယ်ဆိုရင်တော့ နေစရာ ထိုင်စရာမှ မရှိဘဲ အခက်အခဲတွေ ကြုံရမှာပေါ့” လို့ ပြောဆိုပါတယ်။ 
ကိုမောင်မောင်တာကတော့ ဒီခြံထဲမှာ ဦးစိန်ဝင်းရဲ့ အလုပ်သမားအဖြစ်နဲ့ပဲ နေထိုင်လုပ်ကိုင်နေသူပါ။ “ ကျွန်တော်တို့က ဒီမှာဦးစိန်ဝင်းရဲ့ အလုပ်သမားတွေအဖြစ်နေတာပါ။ ပြောင်းရွှေ့ လာတာ တစ်နှစ်ကျော် ပါပြီ။ သူတို့တွေ ပထမတစ်ကြိမ်လာတယ်။ ဖယ်ခိုင်းတယ် ။ နောက်တစ်ကြိမ်လာတယ် ။ ဖယ်ခိုင်းတယ်။ သူတို့တွေက ဖယ်ခိုင်းနေတာ။ ကိုယ်တွေမှာ သွားစရာ မြေမရှိပါဘူး။ အမြဲတမ်း စိတ်ညစ်နေရပါတယ်။ မိသားစု(၄)ယောက်ရှိပါတယ်။ လုပ်နိုင်ကိုင်နိုင်တဲ့သူက ကျွန်တော်တစ်ယောက်ပဲ ရှိပါတယ်။ ကျွန်တော် တစ်ယောက်ကိုပဲ မိသားစုက မှီခိုနေကြရတာပါ။ အခုလည်း လာဖယ်ခိုင်းနေပြန်ပြီဆိုတော့ အမျိုးသမီး ကလည်း မီးဖွားပြီးတာ (၄)ရက်ပဲရှိပါသေးတယ်။ ကလေး ငယ်ငယ်နဲ့ ဖယ်ကိုသွားလို့ သွားရမှန်း မသိပါဘူး” လို့ပြောဆိုပါတယ်။ 


ဦးလှဝင်းကတော့ အလုပ်သမားတွေ နေထိုင်မှု ခက်ခဲမည့်အရေးနဲ့ ပတ်သက်ပြီး “ ကျွန်တော့်အနေနဲ့ ကတော့ ဦးစိန်ဝင်းဘာပဲ ဖြစ်နေဖြစ်နေ ။ သူတို့က ဦးစိန်ဝင်း အလုပ်သမားတွေ။ ဦးစိန်ဝင်းကိုလည်း ဦးစိန်ဝင်းလို့ပဲ သိတယ်။ ကျန်တာတွေ မသိဘူး။ ပြောင်းရွှေ့လာကြတဲ့သူတွေဟာ ပညာတတ်လည်း နည်းတယ်။ အာဏာပိုင်အဖွဲ့အစည်းက ဘာပဲပြောပြော ဦးစိန်ဝင်းရဲ့ အမိန့်တစ်ခုကိုပဲ နာခံကြရမှာပဲ။ တကယ်မပြည့်စုံတဲ့သူတွေဖြစ်တဲ့အတွက်လည်း အခုလိုမှီခိုနေထိုင်ခွင့်ရတော့ အဆင်ပြေတာပေါ့ဗျာ။ အာဏာပိုင်အဖွဲ့အစည်းက ဒါကို ညှာတာထောက်ထားသင့်တာပေါ့ဗျာ။ ဒီမြေက နိုင်ငံတော် ရဲ့မြေဖြစ်နေ ပါစေအုံး။ နိုင်ငံတော်ဆိုတာ ပြည်သူတွေရဲ့ မိဘတွေပဲ။ မိဘပိုင်မြေမှာရော သားသမီးတွေအနေနဲ့ ခိုလှုံလို့ မရဘူးလား။ ဒါကိုပဲ သိချင်တယ်။ ဒီလူတွေမှာရော မေးပိုင်ခွင့်မရှိဘူးလား ။ ပြောပိုင်ခွင့်မရှိဘူးလား ။ လူ့အခွင့်အရေးဆိုတာတွေကို ပြည်သူတွေ ဆုံးရှုံးနေတာလား ။ ကျွန်တော်လဲ ပင်စင်စားတစ်ယောက်ပါပဲ ။ ဦးစိန်ဝင်းနဲ့ ခင်တဲ့အတွက် ဒီမှာ အပိုဝင်ငွေရဖို့ ဆိုင်ခန်းလေးလာဖွင့်နေတယ်။ ဒီလိုနေထိုင် ရင်း ပြဿနာထဲကို ရောက်မှန်းမသိရောက်နေတာပါ။ ကလေးတွေ ဘုစုခရု တပြုံကြီးမြင်ရတော့ သူ့တို့အတွက် ရပ်တည်ပေးဖို့ပဲ ခေါင်းမာပြီး နေနေတာပါ။ စားရမဲ့ သောက်ရမဲ့တော့ မဟုတ်ဘူး။ ကျွန်တော်တောင် ဒီလောက်ငဲ့ညှာရင် အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ ပိုပြီး မငဲ့ညှာသင့်ဘူးလား။ ” လို့ပြောဆိုပါတယ်။ 
မန်နေဂျာ ကိုဟိန်းဝင်းကတော့ “ ဦးစိန်ဝင်းကို တရားခံပြေးလို့ ပြောတာလည်း သူတို့ပြောမှ အကိုတို့ သိရတာပဲ။ တရားခံပြေးဖြစ်အောင် သူတို့ဘယ်လိုလုပ်ထားတယ်ဆိုတာ အကိုတို့ မသိဘူး။ သူ့ပိုင်ဆိုင် မှုတွေလည်း အကိုကြည့်ရတယ် ။ မြင်ထားပြီးပြီ။ ဒီမှာ လာရောက်လုပ်ကိုင်နေသူတွေကိုလည်း အကိုက ကြီးကြပ်ပေးနေတာပါပဲ။ သူတို့လေးတွေ အဆင်ပြေအောင် အကိုတို့က စီစဉ်လုပ်ကိုင်ပေးကြရတာပဲ။ ကြားထဲမှာ ထွက်ပေးပါဆိုတော့ အကိုတို့က ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ နိုင်ငံတော်ပိုင်ဖြစ်ပါတယ်။ ဖယ်ပါဆိုတော့ အကိုတို့က ရုတ်တရက် ကြောင်အန်းတာပေါ့။ ဦးစိန်ဝင်းကတော့ သူပိုင်ကြောင်း ကိုပြတယ်။ နိုင်ငံတော်ပိုင်တယ်ဆိုရင်လည်း ပြပါဆိုတော့ ပြစရာမလိုဘူးတဲ့။ ကျွန်တော် သက်ဆိုင် ရာတွေကို ဒီက မိသားစုအရေးတွေကို ပြောပြတော့လည်း သူတို့နဲ့ မဆိုင်တဲ့ပုံစံမျိုး ပြောတယ်။ ဖယ်ဆို ဖယ်ပါ တဲ့ မဖယ်ရင် အရေးယူပါမယ်တဲ့။ အဲသလို ပြောတာတွေ ကလည်း ဒီတစ်ခေါက်တည်းမဟုတ်ဘူး ဗျာ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကလည်း ပြောတယ် ။
 မြေသိမ်းဆည်းခံရမည့်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာကြောင့် ဌာနဆိုင်ရာတွေကိုလည်း တင်ပြ တိုင်ကြားခြင်းတွေ ဆောင်ရွက်နေပါတယ်။ရုတ်တရက် ဖြစ်ပေါ်လာမယ့် အခက်အခဲကို စိုးရိမ်ပြီး ဒီအလုပ်သမားတွေအရေး စိုရိမ်ပူပန်နေကြခြင်း ဖြစ်ပါတယ်။

ဦးစိန်ဝင်းပိုင် မြေများ မှတ်တမ်း

Posted by Naung Taw Lay Sunday, September 9, 2012 0 comments
စစစ(စသုံးလုံး) နှင့် မြို့နယ်အုပ်ချုပ်ရေးမှ နိုင်ငံတော်ပိုင်သိမ်းသည်ဟု ပြောဆိုသည်ကို လိုက်လံစုံးစမ်းသိရှိ ရပြီးနောက် မိမိပိုင်မြေများကို ပြန်လည်ဆိုင်းဘုတ်တင်ထားခြင်း ဖြစ်သည်။
 






ဦးစိန်ဝင်းရဲ့ မြေတွေမှာ ဦးစိန်ဝင်းက သူပိုင်ဆိုင်ကြောင်း ဆိုင်းဘုတ်တွေ တင်ထားပါတယ်။ အဲဒါကို (၈.၉.၂၀၁၂)ရက်နေ့က ဆိုင်းဘုတ်တွေ ဖြုတ်ပေးပြီး လူတွေ ထွက်ပေးဖို့ပြောလာပါသတဲ့။ ဦးစိန်ဝင်းရဲ့ တာဝန်ခံက ဘယ်ကအမိန့်နဲ့ ဆောင်ရွက်တယ်ဆိုတဲ့ စာရွက် စာတမ်းပြဆိုဖို့ ပြောဆိုတဲ့ အခါမှာတော့ ပြဆိုနိုင်ခြင်း မရှိပါဘူး။ နိုင်ငံတော် သမ္မတကလည်း ညွှန်ကြားထား တယ်။ ပြည်နယ်အစိုးရအဆင့်မှာ မြေကိစ္စတွေစီမံခန့်ခွဲခြင်း မလုပ်ဖို့ ။ ဒါကို ထောက်ထားပြီးဦးစိန်ဝင်းတို့ အဖွဲ့ကတော့ တင်းခံထားမှာပါ။ သူတို့အနေနဲ့ကတော့ ဒါကို သိမ်းဖို့ကြံစည်နေခြင်းသာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီမနက် (၁၀ . ၉ . ၂၀၁၂) ရက်နေ့မှာ လာပြီး ဆိုင်းဘုတ်တွေ ဖြုတ်ထားပေးဖို့ ထပ်မံပြောဆိုနေပါတယ်။ ဒီကတော့ မဖြုတ်ပေးနိုင်ပါဘူး။ သက်ဆိုင်ရာတွေက ဖြုတ်မယ်ဆိုရင်လည်း မှတ်တမ်း တင်ထားပြီး တိုင်ကြားတင်ပြဖို့ပဲ စီစဉ်သွားမှာပါ ။






မြေယာများ သိမ်းဆည်းရန် ကြိုးပမ်းနေမှု အဆင့်ဆင့်

Posted by Naung Taw Lay 0 comments

မြ၀တီက ဦးစိန်ဝင်းတစ်ယောက် ရန်ကုန်ကိုရောက်လာပြီး သူကိုယ်တိုင်အသိမ်း ဆည်းခံထားရတဲ့မြေတွေအတွက် ရင်ဖွင့်ပြောကြား ပါတယ်။ သူသိမ်းဆည်းခံထားရတာတွေက ကရင် ပြည်နယ်၊ မြ၀တီမြို့နယ် ထဲမှာပါ။ အိမ်ယာကွက်(၁) ကွက်၊ စိုက်ပျိုးမြေ(၃)ကွက် သိမ်းဆည်းခံထား ရပါ တယ်။ ဦးစိန်ဝင်း သိမ်းဆည်းခံခဲ့ရတဲ့ မြေတွေနဲ့ ပတ်သက်ပြီး မေးမြန်း ရာမှာတော့ - ““အိမ်ယာကွက်က ၁၉၉၀ထဲမှာ တာဝန် ကျလာတဲ့ ဗိုလ်မှူးကြီး စိုးဝင်းဆီက သူ့အမည်ပေါက် ခြံကို ၂၀၀၁ခုနှစ်မှာ ကျွန်တော်က၀ယ်ထားတာပါ။ ၄ဧကကို သိန်း(၂၀၀)နဲ့ ၀ယ်ထားပါတယ်။ လန(၃၉) လည်းကျပြီးသား။ သူကအဲဒီတုန်းက ခ.ယ.က ဥက်္ကဌ။ အဲဒီအကွက်နဲ့ ကပ်ရပ်မှာပဲ စိုက်ပျိုးမြေက ၄ဧကခွဲကျွန်တော်ဝယ်ထားတယ်။ နောက်ထပ် (၁၀)ဧကတစ်ကွက်။နောက်တစ်ကွက်က အမှတ်(၅) ရပ်ကွက် ရေပူဘုရားလမ်းမှာ (၂၅)ဧက တစ်ကွက်။ စိုက်ပျိုးမြေတွေပဲ။ အဲဒီ(၂၅)ဧကကိုအရင်က သူတို့ ကြက်ဆူပင်စိုက်တယ်။ မအောင်မြင်တော့ ဒေသရန်ပုံ ငွေရအောင်ဆိုပြီးတော့ ရောင်းတာ။ ၄ဧကခွဲက ခရိုင် ကချပေးတာ။ မြ၀တီမှာရှိတဲ့ လုပ်ငန်းရှင် (၁၀) ဦးကို ခေါ်ပြီးတော့ ချပေးထားတာ။ သူတို့စိုက်ခိုင်းထား တဲ့အပင်တွေစိုက် ဖို့အတွက်။ အဲဒါက တစ်ဧကကို (၅၂၀၀၀၀)ငါးသိန်းနှစ်သောင်း သွင်းရတယ်။ ကျန်တဲ့(၁၀)ဧကအတွက်က ဦးစံသွင်ကိုချပေး ထားတာ။ ကျွန်တော်က သူ့ဆီကပြန်ဝယ်ထားတာ ပါ။ စိုက်ပျိုးရေးမလုပ်နိုင်လို့ ကျွန်တော့်ကို သိန်း (၁၉၀) နဲ့ ပြန်ရောင်းတာ။ ””လို့ သူရရှိပိုင်ဆိုင်ထားတဲ့ မြေတွေနဲ့ ပတ်သက်ပြီးရှင်းပြပါတယ်။

 မြေတွေကို စတင်လာရောက်နှောက် ယှက်တာနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာ - ““၂၀၀၈ ခုနှစ်ထဲမှာပါ။ မြ၀တီခရိုင်အုပ် ချုပ်ရေးမှူး ဦးအောင်ဆွေ ညွှန့်နဲ့ပေါင်းပြီး စ.စ.စ (စသုံးလုံး)က ဒီမြေ(၄)ကွက်လုံးကို ကျွန်တော့်ရဲ့ မျက်ကွယ်မှာမြေစာရင်းတို့၊ ရပ်ကွက်အုပ်ချုပ်ရေး တို့မှာ လိုက်ပြီးစုံးစမ်းမှာပေါ့။ကရင်ပြည်နယ် (စသုံးလုံး) ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဟန် ကနေပြီးတော့ ကျွန်တော့်ကိုခေါ်ပြီးတော့ ကျွန်တော့် ခြံမြေတွေနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ တရားဝင်ငွေကြေး အဖွဲ့ကနေပြီး သိမ်းဆည်းတယ်ဆိုတဲ့အကြောင်း ပြောတယ်။ ချိတ်ပိတ်မယ်လို့ ပြောပြီး ၁၉.၉.၂၀၁၀မှာ လာပြီး ချိတ်ပိတ်တယ်။ ဘာကိစ်္စအတွက် ချိတ်ပိတ်ရတာ လဲလို့ မေးတဲ့အခါမှာ ““မဟုတ်ဘူးတဲ့။ ပြည်ထဲရေး ၀န်ကြီးဌာ နလက်အောက်မှာရှိတဲ့ ဌာနကစာဝင် တယ်ပေါ့။အဲဒီဌာနကပို့တဲ့စာကိုမပြဘူး။ ပြည်နယ်က သူထုတ်တဲ့ ၃/၂၀၁၀အမိန့်နဲ့သိမ်းတယ်လို့ ရည် ညွှန်းထားတယ်””ပေါ့။ ၃/၂၀၁၀အမိန့်ဆိုတာကိုပြ ဆိုတော့ လည်း““ငါ့ကို ရန်ကုန်မှာရှိတဲ့ (စသုံးလုံး) အောက် မြန်မာပြည်ညွှန်ကြာေးရးမှူး ဦးအေးမောင်သန်းက နှုတ်မိန့် နဲ့ခိုင်းလို့ ငါကအခုလိုလုပ်တာတဲ့။ မင်းငါ့ကို အတိုက်အခံမလုပ်နဲ့ပေါ့။ မင်းမကျေနပ်ရင် ကိုယ့်ဟာ ကိုယ် အပေါ်မှာလိုက်ယူ””လို့ပြောတယ်။ ကျွန်တော့် တပည့်တွေပဲ ဆိုင်မှာထားတယ်။ ဒုတိယအကြိမ်ကြတော့ ၅.၉.၂၀၁၁ထဲမှာ ချိတ်ပိတ်သွားတဲ့ (စသုံးလုံး)အဖွဲ့ကမလာတော့ပြန် ဘူး။မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး က ကျွန်တော့်ကို နို့တစ်စာပေးတယ်။ အဲဒီနို့တစ်စာကို ဖတ်ကြည့်တော့ (စသုံးလုံး)က ပေးတဲ့အတိုင်းပဲ။ ခေါင်းစဉ်ကတော့ အောက်မြန်မာနိုင်ငံ မြေယာ ဥပဒေ ဆိုပြီးတော့ သူတို့ထွေအုပ်က လုပ်နည်း ကိုင်နည်းနဲ့ ပေါ့။ ဒီစာက ဦးသိန်းဟန်ကျွန်တော့်ကို လာပြီးမလိမ့် တပတ် လုပ်တဲ့စာပဲ။ အဲဒီစာကိုယူပြီးကျွန်တော်က ပြည်ထဲရေး ၀န်ကြီးဌာနကို အဲဒီစာပို့လိုက် တယ်။ ခေါင်းစဉ် ပြောင်းပြီး ကျွန်တော်ကိုနိုးတစ်စာ တွေပို့ပြန်ပြီဆိုပြီး တော့မေးကြည့်တဲ့အခါမှာ ၃/၂၀၁၀ဆိုတာမရှိဘူးလို့ ပြောတယ်။အဲဒီလိုသိရ တာလည်း ဆရာသမားတွေနဲ့မေးမြန်းစုံစမ်းကြည့်လို့ သိရတာပါ။ မြ၀တီ ခရိုင်မှူး ဦးဇော်လွင်ဦးကနေပြီးတော့ နို့တစ်စာတွေ (၃)စောင် လောက်ထုတ်တယ်။ အထက်မြန်မာနိုင်ငံရော အောက်မြန်မာနိုင်ငံရော အမျိုးမျိုးထုတ်တယ်။ ကျွန်တော်ကလည်း လုံးဝဂရုမစိုက်တော့ဘူး။ အရင် အတိုင် ပြန်ပြီေးတာ့ ပန်းခြံပြန်လုပ်တယ်။ ကလေး ကစားကွင်း တွေလုပ်တယ်။ အဲဒီ လိုအခြေအနေမှာ ဦးဇော်လွင်ဦးကပြည်နယ်အစိုးရ အဖွဲ့ထဲကို ပြောင်း သွားတယ်။ သူ့နေရာမှာ ဦးမြင့်တင် ထပ်ရောက်လာ တယ်။ သူကဒီနှစ်ထဲမှာပဲ အဆောက်အဦးတွေ ဖျက်ပေးဖို့ပြောလာတယ်။ မဖျက်ပေးရင် တရားစွဲ မယ်လို့ဆိုတယ်။ ပုဒ်မ(၁၈၈)တဲ့။ ဒေသဆိုင်ရာ အာဏာပိုင်ရဲ့အမိန့်ကိုမနာခံတဲ့ အမှုပေါ့။ ကျွန်တော်ကတော့ တရားစီရင်ရေးက သူရဦးအောင်ကိုကို စီတင် တဲ့စာကို သူတို့ဆီ မိတ်္တူပို့ လိုက်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ဘာမျှမဆိုင်တာကို လုပ်နေတဲ့သဘော။ (စသုံးလုံး) ဦးသိန်းဟန် မလိမ့်တပတ် လုပ်ထားတာဖြစ်တယ်လို့ ကျွန်တော့်အပေါ် မလိမ့်တပတ်လုပ်တာတွေ များနေ ပြီဆိုတဲ့အကြောင်းတင်လိုက်တယ်။သူတို့က တရား စွဲတာကိုကျွန်တော်ကရင်မဆိုင် ဘဲနဲ့ဒီစာပဲ ပေးလိုက် တယ်။ နောက်ဆုံးတစ်ကြိမ် (၂၃.၇.၂၀၁၂) မှာ မြ၀တီက (စသုံးလုံး)ဦးမြင့်သိန်းနဲ့ မြေစာရင်းကအဖွဲ့ တွေနဲ့မြို့နယ်အုပ် ချုပ်ရေးက လာပြီးတော့ အရင်စိုက် ထားတဲ့ ဆိုင်းဘုတ်တွေအတိုင်းပဲ ပြည်ထဲ ရေးဝန်းကြီးဌာနက ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်း ဆည်း ထားတယ်လို့ လုပ်တယ်။ လူကိုတော့ လာမဖယ်ခိုင်းဘူး။ ကျွန်တော့်မန်နေဂျာကပြော လိုက်တယ်။
 အရင်တခါ လည်းဥပဒေမဲ့လာ လုပ်ပြီး ပြီ။ အခုတစ်ခါဒါမျိုးထပ်လုပ်သေးတယ်။ ဘယ်သူ့ အမိန့်နဲ့လည်းလို့မေးတယ်။ အထက်ကတာ ၀န်ပေး လို့ ၊ နိုင်ငံတော် ကခိုင်းလို့သူတို့လုပ်တာတဲ့။””

အဲသလိုနဲ့ လယ်သိမ်းမြေသိမ်းအမှုတွေမှာ လိုက်ပါဆောင်ရွက်နေတဲ့ ဦးနေမျိုးဝေဆီကို ရောက်ရှိလာပြီး ဒီသတင်း ကို အများပြည်သူသိ စေဖို့ ဖြန့်ဝေပေးဖို့ သက်ဆိုင်ရာတွေအနေနဲ့လည်း စဉ်းစားဆောင်ရွက်ပေး နိုင်ဖို့ တင်ပြတိုင်တန်း တဲ့သဘောဖြစ်ပါတယ်။ သူဌေးတွေ(ခရိုနီ)ကမြေ သိမ်းတဲ့အမှုတွေ နိုင်ငံတ၀ှမ်းဖြစ်ပေါ်နေတဲ့အချိန်မှာ မြ၀တီက သူဌေးတစ်ဦးကတော့ အသိမ်းခံရတဲ့ အထဲမှာ ပါနေတယ်။ ဇာတ်ကြောင်းကို သုံးသပ်ကြည့် တော့ မရှင်းတာလေးတွေရှိတယ်။ သက်ဆိုင်ရာ တွေကို တင်ပြတိုင်တန်းရတာလည်း အတော်ကို မောတယ်။ တကယ်လုပ်ပိုင်ခွင့်ရှိလို့ ၊ သူ့မှာ ပြစ်ချက် တွေရှိလို့ သူ့ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီးသံသယ ရှိတယ်ဆိုရင်ပွင့်ပွင့်လင်းလင်းစစ်ဆေးဆောင် ရွက်ကြပါ။ ဒီမြေတွေကိုသူဘယ်လိုအသုံးပြု နေသလဲ ဆိုတာနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာတော့ - ““ခြံမြေမှာတော့ ကျွန်တော်အဆောက် အဦးတွေ ဆောက်ထားတယ်။ ဆိုင်ခန်းသဘော မျိုးပေါ့။ ၀ပ်ရှော့ရုံတစ်ရုံရှိတယ်။ ၄ဧကခွဲမှာတော့ ငှက်ပျောတို့ သရက်တို့ပဲစိုက်ထားတယ်။ ၁၀ဧကရှိ တဲ့ခြံမှာတော့ယခင်ကတည်းက သီဟိုပင်တွေရှိ တယ်။ငှက်ပျော်ထပ်စိုက်တယ်။ ကျွန်တော်တို့ ဘက်မှာဖြစ်လေ့ဖြစ်ထရှိတာက သူများခြံကနေ မီးကူးတတ်တယ်။ ကိုယ်ကရှင်းထားပေမယ့် သူများ မရှင်းထားရင် ကိုယ့်ခြံလည်း မီးလောင်တဲ့ အထဲပါရတာပဲ။ အပင်တွေသေတယ်။ ပြန်စိုက်ရ တာပေါ့။ ဧက(၂၅)မှာက နှစ်တိုင်းပြောင်းတို့ပဲတို့ စိုက်တယ်။ ဒီနှစ်အားလုံး ပြောင်းစိုက်ထားတယ်။ ပြီးသွားရင် ပဲပြန်စိုက်မယ် ””လို့ ဆိုပါတယ်။ နိုင်ငံတော် နိုင်ငံတော် ဆိုတဲ့ စကားရပ် ကြီးက အလွဲသုံးစားလုပ် ဖို့ဖြစ်နေတယ်။ နိုင်ငံ တော်ဆိုတာကို မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီက အဓိပ်္ပါယ်ဖွင့် ဆိုပြထားတယ်။ နိုင်ငံတော် ဆိုတဲ့အထဲမှာ အဲဒီအသိမ်းခံရတဲ့ လူတွေလည်း ပါသလို သိမ်းတဲ့သူတွေလည်းပါတယ်။ အစိုးရ အာဏာရှိ ပုဂ်္ဂိုလ်တွေပါသလို အာဏာတပြားသားမှ မရှိတဲ့ ပြည်သူ (သူတောင်းစား) ကအစ နိုင်ငံသား မှတ်ပုံတင်ကိုင်ပြီး ဟောဒီမြေပေါ်မှာနေရင် နိုင်ငံတော် ထဲမှာ အကြုံးဝင်တယ်။ မြေတွေကို သိမ်းမယ်ဆို ရင်လည်း မူလပိုင်ရှင် မနစ်နာအောင် ဆောင်ရွက်ပေး ဖို့ဆိုတာလည်း ဥပဒေထဲမှာ ရှိပြီးသားပဲ။ အဲသလို သိမ်းပါ။ အဆင်မပြေစရာမရှိပါဘူး။ ဒီအမှုမှာတော့ ဦးစိန်ဝင်းဟာ တရားမ၀င်ငွေကြေး တွေရရှိပြီး ဒါတွေပိုင်ဆိုင်ခဲ့တယ်လို့ ယူဆရင်လည်း တရားခွင် ကိုစွဲခေါ်ပြီး ပွင့်ပွင့်လင်းလင်း ရှင်းလင်းကြပါ။ ဦးစိန်ဝင်းဟာ ထီတစ်ဆောင်(၂)ကျပ်ခေတ်က (၅၀၀၀၀၀)ငါးသိန်းထီပေါက်ပြီး စုဆောင်း လုပ်ကိုင်ခဲ့ တာကြောင့် ချမ်းသာ တာလို့ မြို့ခံတွေရဲ့ ပြောပြချက် အရ သိခဲ့ရပါတယ် ။ မြ၀တီမြို့ပေါ်မှာ ဦးစိန်ဝင်းထက် ချမ်းသာသူတွေဟာ အများကြီး ရှိနေတာကိုလည်း မြ၀တီသားတွေနဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေ သိကြပါတယ်လို့လည်း ဦးစိန်ဝင်းကပြောတယ် ။ ပါတီ၏ သုံးသပ်ချက် ပြည်ထောင်စု လွှတ်တော်မှဖွဲ့စည်း ထားသော စုံစမ်းရေး ကော်မရှင် အနေဖြင့်စုံစမ်းရန် သင့်ပါသည် ။ အမှုအခင်းများကို အသေးစိတ် ထပ်မံ စစ်ဆေးပြီး ဆုံးဖြတ်ချက်ကို စာနှင့် တိတိကျကျ ထုတ်ပြန်ခြင်းမျိုးဖြင့် တရားဝင်မှုကို တည်ဆောက် သင့်ပါသည် ။

 ပီဒီပီ
(မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီ လစဉ်ထုတ်စာစဉ် (၂၀)တွင် ဖော်ပြခဲ့သော မြေယာများ သိမ်းဆည်း ရန်သက်ဆိုင်ရာမှ ကြိုးပမ်းနေမှု)


Popular Posts

Blogger news

About