Your Adsense Link 728 X 15

မြ၀တီမြို့က အုပ်ချုပ်ရေးတွေ တရားလွန်နေပြီ

Posted by Naung Taw Lay Wednesday, September 26, 2012 0 comments


 မြ၀တီမြို့မှာ ဦးစိန်ဝင်းပိုင်မြေတွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးအဆင့်ဆင့်က လက်ဆင့်ကမ်းသိမ်းဆည်းရန် ကြံစည်နေတဲ့ကိစ္စဟာ ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ နိုင်ငံတော် မြေသိမ်းမိန့် မပါ အထက်က နှုတ်ဖြင့်ညွှန်ကြားလို့ဆိုပြီး စစစ ၊ ခရိုင် ၊ မြို့နယ် အုပ်ချုပ်ရေးတွေဟာ ဦးစိန်ဝင်းပိုင် မြေကွက် အားလုံးကို ပြဿနာရှာနေကြပါတယ်။ ဒီကိစ္စအတွက် ဦးစိန်ဝင်းတို့ကလည်း ဌာနဆိုင်ရာတွေမှာ လိုက်လံ စုံစမ်းပြီး သိမ်းဆည်းရန် ညွှန်ကြားထားခြင်း ရှိ/ မရှိ ၊ အောက်ခြေအုပ်ချုပ်ရေးအဖွဲ့များမှ တင်ပြထားခြင်း ရှိ / မရှိ စုံးစမ်းတဲ့အခါမှာ ညွှန်ကြားထားခြင်း မရှိသလို ဌာနဆိုင်ရာတွေကိုလည်း တင်ပြထားခြင်း မရှိတာကြောင့် မြို့နယ် ၊ ခရိုင် ၊ စစစ အဖွဲ့တွေဟာ ကိုယ့်သဘောနဲ့ကိုယ် နိုင်ငံတော်ကို ခုတုံးလုပ်ပြီး သိမ်းဆည်းဖို့ကြံစည် နေကြတယ်လို့ ယူဆလို့ရပါတယ်။ အဲဒီအတွက်လည်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ၏ ဒိုင်ဗားစတီးစာစဉ် (၂၀)မှာ စတင်သိမ်းဆည်းရန်ကြိုးပမ်းစဉ်ကစလို့ လက်ဆင့်ကမ်း အမွေပေးသိမ်းဆည်းရန် ကြံစည်နေမှုများအထိ ပါဝင်ပါတယ်။ ယနေ့အချိန်ထိလဲ နိုင်ငံတော်မြေသိမ်းမိန့်ပြပါဆိုလို့လိုလည်းမပြ ဌာနဆိုင်ရာရဲ့ ညွှန်ကြား ချက်ပြပါဆိုတော့လည်း မပြနိုင်ဘဲ ဒီကနေ့ (၂၆.၉.၂၀၁၂) ရက်နေ့မှာပဲ ဦးစိန်ဝင်းတင်ထားတဲ့ ဆိုင်းဘုတ်ကို ဖျက်ချပြီး နိုင်ငံတော်ပိုင် ဆိုင်းဘုတ်လာရောက်တင်သွားကြောင်း ၊ ဦးစိန်ဝင်းရဲ့ မန်နေဂျာက ဓာတ်ပုံမှတ်တမ်း ရိုက်ယူတာကိုတော့ ခွင့်မပြုဘဲ ကပျာကယာပြန်သွားကြတယ်လို့ သိရပါတယ်။

ဒီကိစ္စအတွက် နိုင်ငံတော်သမ္မတနှင့် ပြည်ထဲရေးဌာနများကိုလည်း အကြိမ်ကြိမ်တင်ပြ တိုင်ကြားခဲ့ပေ မယ့် အောက်ခြေအုပ်ချုပ်ရေးတွေဟာ နည်းလမ်းတကျ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လုပ်ကိုင်နေကြ ဆဲဖြစ်ပါတယ်။ တရားလက်မဲ့နိုင်လွန်းတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ ထပ်ဆင့်တိုင်ကြားဦးမှာ ဖြစ်ပါတယ်။ မြေယာသိမ်းဆည်းမှုများ စုံးစမ်းရေးကော်မရှင်ကိုလည်း တင်ပြတိုင်ကြားသွားဖို့ စီစဉ်နေပါတယ်။ ဒီလို တင်ပြစာတွေကို မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးတွေကိုလည်း ပေးပို့တာကြောင့် သူတို့မကောင်းကြောင်း သူတို့ ပြန်ဖတ်ရပြီး အရွဲ့တိုက်ပြီး လုပ်ပိုင်ခွင့်ကို တလွဲအသုံးချနေကြခြင်းဖြစ်ပါတယ်။ သူတို့အနေနဲ့ ဒီလိုဆိုင်းဘုတ် တင်ထားပြီး တရားရင်ဆိုင်ရရင်တောင် တရားရေးက ၀န်ထမ်းဘက်က ကူညီဆောင်ရွက်မယ့်အရေးကို မျှော်လင့်ပြီး ဖန်တီးလုပ်ဆောင်နေခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒီကိစ္စအတွက်ကြောင့် ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ပါ ပတ်သက်လာနိုင်ပြီး ၁၂ . ၉ .၂၀၁၂ ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ အပါအ၀င် စစစ ၊ ဒုရဲမှူးတွေလာရောက်ပြီး အလုပ်သမားတွေကို ပြောင်းရွှေ့ပေးဖို့ နိုင်ငံတော်ပိုင်သိမ်းဆည်းထားသည့် မြေပေါ်မှ ဖယ်ရှားပေးခြင်းမရှိက ဥပဒေနှင့်အညီ ဆက်လုပ်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး နောက်တစ်နေ့မှာ ကေအန်ယူအဖွဲ့က လာရောက်မေး မြန်းစုံစမ်းသွားပြီး တရားလက်မဲ့လုပ်လျှင် သူတို့ကူညီပေးပါမည်ဆိုသည့်အကြောင်း နှင့် ပြောင်းရွှေ့ဖယ်ရှား ပေးရန် မလိုကြောင်း လာရောက်ပြောဆိုသွားပါတယ်။

0 comments:

Post a Comment

Popular Posts

Blogger news

About