Your Adsense Link 728 X 15

မြေသိမ်းဆည်းရန် သက်ဆိုင်ရာမှ ဆောင်ရွက်နေခြင်းကြောင့် မှီခိုလုပ်ကိုင်နေသူ အလုပ်သမားများ ဒုက္ခကြုံတွေ့နိုင်

Posted by Naung Taw Lay Friday, September 14, 2012 0 comments

မြ၀တီမြို့မှာ ဖြစ်နေတဲ့ သက်ဆိုင်ရာတွေက ဦးစိန်ဝင်းပိုင်မြေတွေကို နိုင်ငံတော်ပိုင် သိမ်းဆည်းမည် ဆိုသည့်အတွက်အကြောင့် ပြဿနာတစ်ရပ် ဖြစ်ပေါ်နေပါတယ်။ သက်ဆိုင်ရာ တွေရဲ့ အပြောအရတော့ ဦးစိန်ဝင်းကို ဒီမြေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်ပိုင်သိမ်းတယ်။ ဦးစိန်ဝင်းကိုလည်း တရားစွဲဆိုထားတယ် ဆိုတဲ့အပြောနဲ့ သိမ်းဆည်းရယူဖို့ စီစဉ်နေခြင်း ဖြစ်ပါတယ်။ ဒီကိစ္စတွေအတွက် ဒုဗိုလ်မှူးကြီးငြိမ်း (လေ) မှ ဦးလှဝင်းကလည်း သက်ဆိုင်ရာတွေက သိမ်းဆည်းရန် ကြိုးပမ်းဆောင်ရွက်နေမှုနဲ့ ဦးစိန်ဝင်း မတရား ခံနေရတာကို သိရှိနားလည်တဲ့ အတွက် ဦးစိန်ဝင်းနှင့် အလုပ်သမားများဘက်က ရပ်တည်ပေးနေပါတယ်။
စတင်သိမ်းဆည်းမယ်လို့ဆိုကတည်းက နိုင်ငံတော် မြေသိမ်းမိန့်ကို ပြပါလို့တောင်းခံတာကိုလည်း ယခုချိန် အထိ သက်ဆိုင်ရာဘက်က ပြသနိုင်ခြင်း မရှိပါဘူး။ အဲဒီအတွက် ဦးစိန်ဝင်းကလည်း သူဟာ တရားခံ တစ်ယောက်အနေနဲ့ သွားရောက်ရင်မဆိုင်နိုင်ပါဘူးလို့ ဆိုပါတယ်။
၈ . ၉ . ၂၀၁၂ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးတွေက ဆွေးနွေးဖို့ခေါ်ယူတဲ့အတွက် ဦးလှဝင်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။ မြ၀တီ မြို့နယ် မှူးက ဦးလှဝင်းကို ဒီခြံကနေထွက်ခွာပေး ဖို့နဲ့ ခြံမှာတင်ထားတဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ပေးဖို့ ပြောဆိုတဲ့ အတွက် ဦးလှဝင်းက နိုင်ငံတော်မြေသိမ်းမိန့်သာ ပြပါ။ ဖယ်ရှားပေးမှာပါ လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီအတွက် ၁၀.၉.၂၀၁၂ ရက်နေ့မှာ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုယ်စား အဖွဲ့ဝင်ဦးတင်အေးက ဦးလှဝင်းထံ လာရောက်ပြီး ဆိုင်းဘုတ်တွေ ဖြုတ်ပေးဖို့နဲ့ ဖယ်ရှာပေးဖို့ မြို့နယ်အုပ်ချုပ်ရေးက လာရောက်ပြော ဆိုခိုင်းသည့်အတွက်လာရောက်ပြောဆိုခြင်း ဖြစ်ကြောင်းပြောဆိုသည့်အတွက်ဦးလှဝင်းကတော့ နိုင်ငံတော် သမ္မတရဲ့ ညွှန်ကြားချက်မှာ မြေနှင့်အိမ်ယာ စီမံခန့်ခွဲမှုကို တိုင်းဒေသကြီး နှင့် ပြည်နယ်က တိုက်ရိုက် ဆုံးဖြတ်လုပ်ကိုင်ခွင့် မရှိဘူးဆိုတဲ့ အချက်ကို ထောက်ထားပြောဆိုခဲ့ပါတယ်။ သူတို့တွေက အဲသလို အတင်းအဓမ္မဖယ်ရှားပေးဖို့ ပြောဆိုလာတာကို အန်ကယ့်အနေနဲ့ကတော့ နိုင်ငံတော် မြေသိမ်းမိန့်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ သဘောထားမှတ်ချက် (၂)ခုသာ ပြပါလို့ တောင်းဆိုခဲ့ပါတယ်။ ၁၂ . ၉ . ၂၀၁၂ ရက်မှာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ စစစ ၊ ဒုရဲမှူးတွေ ကိုယ်တိုင်လာရောက်ပြီး ဦးလှဝင်း နှင့် ဦးစိန်ဝင်းရဲ့ မန်နေဂျာ ကိုဟိန်းဝင်းတို့နဲ့ တွေ့ဆုံပြီး ဖယ်ရှားပေးဖို့ ထပ်မံပြောဆိုပြန်ပါတယ်။ နိုင်ငံတော်သိမ်း ဆည်းကြောင်း အထောက်အထားသော်လည်းကောင်း ၊ ဖယ်ရှားပေးပါရန် အမိန့်စာသော်လည်းကောင်း ထုတ်ပေးဖို့ ပြောဆိုရာမှာတော့ ကာယကံရှင်တွေမဟုတ်တဲ့အတွက် ထုတ်ပေးစရာလည်းမလို ဘူး။ ပြစရာလည်း မလိုဘူးလို့ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုသွားပါတယ်။ မန်နေဂျာ ကိုဟိန်းဝင်း နှင့် ဦးလှဝင်းတို့ကတော့ ကျွန်တော်တို့အနေနဲ့က ဖယ်ရှားရမယ့် အထောက်အထားပြရင် ထွက်သွားလိုက် ရတာ လွယ်လွယ်လေးပဲ ။ ဒါပေမယ့် ဒီခြံထဲမှာ တစ်နယ်တကျေးက ပြောင်းရွှေ့လာပြီး အလုပ်လုပ် ကိုင်နေကြ သူတွေရှိတယ် ။ သူတို့တွေကြတော့ မိသားစုတွေနဲ့ ဘယ်လိုလုပ်ပြီး အလွယ်တ ကူရွှေ့လို့ပြောင်းလို့ရမလဲ။ နိုင်ငံတော်ဆိုတာ ပြည်သူတွေရဲ့ မိဘပဲဗျာ။ ပြည်သူတွေကိုတော့ ငဲ့ညှာရ မှာပေါ့။ သူတို့ပြောဆိုနေတာတွေက တရားလက်မဲ့ဆန်လွန်းတယ် လို့ ဦးလှဝင်းကဆိုပါတယ်။ 
ဒီခြံထဲမှာ အလုပ်လုပ်နေသူ ကိုနိုင်ဝင်းကို မေးမြန်းကြည့်ရာမှာတော့ ““ ကျွန်တော်က တွံ့တေး ဘက်က ပြောင်းလာတာပါ။ ကျွန်တော်တို့ မိသားစုခြောက်ယောက်။ ဒီမှာ အလုပ်လုပ်နေတာ တစ်နှစ်ကျော် ပါပြီ။ ဦးစိန်ဝင်းရဲ့ အလုပ်သမားအဖြစ်နဲ့ပဲ လုပ်ကိုင်နေတာပါ။ မိသားစုမှာက ကလေးတွေက ငယ်ပါသေး တယ်။ ကျွန်တော့်တစ်ယောက်ကို မှီခိုပြီး စားသောက်နေထိုင်ကြရတာပါ။ ဒီမှာဖြစ်နေတဲ့ ပြဿနာကိုလည်း ကျွန်တော်တို့သိပါတယ်။ ပထမတစ်ကြိမ်လည်း ဖယ်ရှားပေးကြဖို့လာပြောသေးတယ်။ ကျွန်တော်တို့က ဦးစိန်ဝင်း ဆီမှာ အလုပ်လုပ်နေကြတာ။ ဦးစိန်ဝင်း က ဖယ်ပေးလိုက်တော့လို့ပြောမှ ကျွန်တော်တို့က ဖယ်လို့ရမယ်။ မဟုတ်ရင် ကျွန်တော်တို့မှာ လောလောဆယ် ဘယ်သွားနေကြမလဲ။” လို့ ပြောပါတယ်။
 ဦးမောင်မောင်ကို မေးမြန်းကြည့်ရာမှာတော့ “ ကျွန်တော်က မော်လမြိုင်က ပြောင်းလာတာပါ။ မြေးက (၄)ယောက်၊ သားသမီး(၂)ယောက် ။ ကျွန်တော်တို့က မုန့်ကြော်ပြီးရောင်းတယ်။ နေစရာမရှိလို့ သူ့ဆီ မှာတောင်းပြီး နေနေတယ်။ သက်ဆိုင်ရာက အရင်တစ်ခါ ဆိုင်းဘုတ်လာတင်တာတွေတော့ သိလိုက် တယ်။ ပြောင်းရရွှေ့ရမယ်ဆိုရင် အခက်အခဲရှိပါတယ်။ နေစရာမရှိသေးပါဘူး။ ကလေးကလည်း (၆)တန်း အကြီးဆုံးပဲ။ ကျောင်းတက်နေကြတယ်။ သက်ဆိုင်ရာက အဲသလိုလုပ်မယ်ဆိုရင်တော့ နေစရာ ထိုင်စရာမှ မရှိဘဲ အခက်အခဲတွေ ကြုံရမှာပေါ့” လို့ ပြောဆိုပါတယ်။ 
ကိုမောင်မောင်တာကတော့ ဒီခြံထဲမှာ ဦးစိန်ဝင်းရဲ့ အလုပ်သမားအဖြစ်နဲ့ပဲ နေထိုင်လုပ်ကိုင်နေသူပါ။ “ ကျွန်တော်တို့က ဒီမှာဦးစိန်ဝင်းရဲ့ အလုပ်သမားတွေအဖြစ်နေတာပါ။ ပြောင်းရွှေ့ လာတာ တစ်နှစ်ကျော် ပါပြီ။ သူတို့တွေ ပထမတစ်ကြိမ်လာတယ်။ ဖယ်ခိုင်းတယ် ။ နောက်တစ်ကြိမ်လာတယ် ။ ဖယ်ခိုင်းတယ်။ သူတို့တွေက ဖယ်ခိုင်းနေတာ။ ကိုယ်တွေမှာ သွားစရာ မြေမရှိပါဘူး။ အမြဲတမ်း စိတ်ညစ်နေရပါတယ်။ မိသားစု(၄)ယောက်ရှိပါတယ်။ လုပ်နိုင်ကိုင်နိုင်တဲ့သူက ကျွန်တော်တစ်ယောက်ပဲ ရှိပါတယ်။ ကျွန်တော် တစ်ယောက်ကိုပဲ မိသားစုက မှီခိုနေကြရတာပါ။ အခုလည်း လာဖယ်ခိုင်းနေပြန်ပြီဆိုတော့ အမျိုးသမီး ကလည်း မီးဖွားပြီးတာ (၄)ရက်ပဲရှိပါသေးတယ်။ ကလေး ငယ်ငယ်နဲ့ ဖယ်ကိုသွားလို့ သွားရမှန်း မသိပါဘူး” လို့ပြောဆိုပါတယ်။ 


ဦးလှဝင်းကတော့ အလုပ်သမားတွေ နေထိုင်မှု ခက်ခဲမည့်အရေးနဲ့ ပတ်သက်ပြီး “ ကျွန်တော့်အနေနဲ့ ကတော့ ဦးစိန်ဝင်းဘာပဲ ဖြစ်နေဖြစ်နေ ။ သူတို့က ဦးစိန်ဝင်း အလုပ်သမားတွေ။ ဦးစိန်ဝင်းကိုလည်း ဦးစိန်ဝင်းလို့ပဲ သိတယ်။ ကျန်တာတွေ မသိဘူး။ ပြောင်းရွှေ့လာကြတဲ့သူတွေဟာ ပညာတတ်လည်း နည်းတယ်။ အာဏာပိုင်အဖွဲ့အစည်းက ဘာပဲပြောပြော ဦးစိန်ဝင်းရဲ့ အမိန့်တစ်ခုကိုပဲ နာခံကြရမှာပဲ။ တကယ်မပြည့်စုံတဲ့သူတွေဖြစ်တဲ့အတွက်လည်း အခုလိုမှီခိုနေထိုင်ခွင့်ရတော့ အဆင်ပြေတာပေါ့ဗျာ။ အာဏာပိုင်အဖွဲ့အစည်းက ဒါကို ညှာတာထောက်ထားသင့်တာပေါ့ဗျာ။ ဒီမြေက နိုင်ငံတော် ရဲ့မြေဖြစ်နေ ပါစေအုံး။ နိုင်ငံတော်ဆိုတာ ပြည်သူတွေရဲ့ မိဘတွေပဲ။ မိဘပိုင်မြေမှာရော သားသမီးတွေအနေနဲ့ ခိုလှုံလို့ မရဘူးလား။ ဒါကိုပဲ သိချင်တယ်။ ဒီလူတွေမှာရော မေးပိုင်ခွင့်မရှိဘူးလား ။ ပြောပိုင်ခွင့်မရှိဘူးလား ။ လူ့အခွင့်အရေးဆိုတာတွေကို ပြည်သူတွေ ဆုံးရှုံးနေတာလား ။ ကျွန်တော်လဲ ပင်စင်စားတစ်ယောက်ပါပဲ ။ ဦးစိန်ဝင်းနဲ့ ခင်တဲ့အတွက် ဒီမှာ အပိုဝင်ငွေရဖို့ ဆိုင်ခန်းလေးလာဖွင့်နေတယ်။ ဒီလိုနေထိုင် ရင်း ပြဿနာထဲကို ရောက်မှန်းမသိရောက်နေတာပါ။ ကလေးတွေ ဘုစုခရု တပြုံကြီးမြင်ရတော့ သူ့တို့အတွက် ရပ်တည်ပေးဖို့ပဲ ခေါင်းမာပြီး နေနေတာပါ။ စားရမဲ့ သောက်ရမဲ့တော့ မဟုတ်ဘူး။ ကျွန်တော်တောင် ဒီလောက်ငဲ့ညှာရင် အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ ပိုပြီး မငဲ့ညှာသင့်ဘူးလား။ ” လို့ပြောဆိုပါတယ်။ 
မန်နေဂျာ ကိုဟိန်းဝင်းကတော့ “ ဦးစိန်ဝင်းကို တရားခံပြေးလို့ ပြောတာလည်း သူတို့ပြောမှ အကိုတို့ သိရတာပဲ။ တရားခံပြေးဖြစ်အောင် သူတို့ဘယ်လိုလုပ်ထားတယ်ဆိုတာ အကိုတို့ မသိဘူး။ သူ့ပိုင်ဆိုင် မှုတွေလည်း အကိုကြည့်ရတယ် ။ မြင်ထားပြီးပြီ။ ဒီမှာ လာရောက်လုပ်ကိုင်နေသူတွေကိုလည်း အကိုက ကြီးကြပ်ပေးနေတာပါပဲ။ သူတို့လေးတွေ အဆင်ပြေအောင် အကိုတို့က စီစဉ်လုပ်ကိုင်ပေးကြရတာပဲ။ ကြားထဲမှာ ထွက်ပေးပါဆိုတော့ အကိုတို့က ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ နိုင်ငံတော်ပိုင်ဖြစ်ပါတယ်။ ဖယ်ပါဆိုတော့ အကိုတို့က ရုတ်တရက် ကြောင်အန်းတာပေါ့။ ဦးစိန်ဝင်းကတော့ သူပိုင်ကြောင်း ကိုပြတယ်။ နိုင်ငံတော်ပိုင်တယ်ဆိုရင်လည်း ပြပါဆိုတော့ ပြစရာမလိုဘူးတဲ့။ ကျွန်တော် သက်ဆိုင် ရာတွေကို ဒီက မိသားစုအရေးတွေကို ပြောပြတော့လည်း သူတို့နဲ့ မဆိုင်တဲ့ပုံစံမျိုး ပြောတယ်။ ဖယ်ဆို ဖယ်ပါ တဲ့ မဖယ်ရင် အရေးယူပါမယ်တဲ့။ အဲသလို ပြောတာတွေ ကလည်း ဒီတစ်ခေါက်တည်းမဟုတ်ဘူး ဗျာ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကလည်း ပြောတယ် ။
 မြေသိမ်းဆည်းခံရမည့်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာကြောင့် ဌာနဆိုင်ရာတွေကိုလည်း တင်ပြ တိုင်ကြားခြင်းတွေ ဆောင်ရွက်နေပါတယ်။ရုတ်တရက် ဖြစ်ပေါ်လာမယ့် အခက်အခဲကို စိုးရိမ်ပြီး ဒီအလုပ်သမားတွေအရေး စိုရိမ်ပူပန်နေကြခြင်း ဖြစ်ပါတယ်။

0 comments:

Post a Comment

Popular Posts

Blogger news

About